Skip to main content

Posts

Showing posts with the label Thoughts

နိုင်ငံရပ်ခြားတွင် ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း (Taking Care of Myself in Abroad)

ဒီနေ့ ကျွန်တော် သွားဆေးခန်းသွားပြရတယ်။ သွားတစ်ချောင်းက ပဲ့သွားလို့လေ။ ဒီမှာက သွားဆေးခန်းကို ဗမာပြည်မှာလို သွားတာနဲ့ တန်းစီပြီး တန်းဝင်လို့မရဘူး။ ဘာလို့လည်းဆိုတော့ တန်းကသိပ်ရှည်လွန်းနေတော့ ကြိုတင်ပြီး စာရင်းပေးထားရတယ်။ ရုံးချိန်လည်းလွတ်အောင် ရုံးချိန်နဲ့လွတ်တဲ့ အချိန်ကို လိုချင်တော့ တစ်ပတ် စောင့်လိုက်ရတယ်။ သွားလုပ်ရမယ့်နေ့ ဒီနေ့နေ့လည်လောက်မှာ ဆေးခန်းက ဖုန်းဆက်ပြီး သတိပေးတယ်လေ။ သတိမေ့ပြီး မသွားမိရင် နောက်အစက ပြန်ပြီးတန်းစီရမှာရယ်၊ မလာဖြစ်ရင် တစ်ခြားလူနာကို အခွင့်အရေးပေးလို့ရတာရယ်၊ နောက်ပြီး ဆေးခန်း မှာတစ်ယောက်က စာရင်းပေးပြီးမှ မလာရင် ဆေးခန်းဝင်ငွေ နစ်နာနိုင်တာကြောင့် ဒီလို သတိပေးတဲ့ ကိစ္စဟာ သုံးဦးသုံးဖလှယ် အတွက် သိပ်ကောင်းတဲ့ ကိစ္စပါ။ အဲဒီလိုဖုန်းဆက်လာတုန်းက သူက ကျွန်တော်နဲ့ ချိတ်ထားတဲ့ အချိန် ၇ နာရီ ၁၅ ထက်စောအောင်လာနိုင်မလားတဲ့။ ပုံစံကြည့်ရတာ ကိုယ့်အရင်လူက မလာနိုင်တော့ဘူး ဖြစ်သွားလို့နေမှာပေါ့။ ဒါနဲ့ ၇ နာရီရောက်အောင် လာပါ့မယ် ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ ချိန်းထားတဲ့ အတိုင်း ၇ နာရီရောက်အောင် ရုံးကနေ ပြန်ရတာပေါ့။ ပုံမှန်ပြန်နေကြအတိုင်း မာရီယို ဆိုတဲ့ ဖိလစ်ပီနို ဆိုက် အင်ဂျင်နီယာ အဖို...

Organisation Chart

The assistant project manager, Airani have me to prepare an organization chart at the debut of this month. I prepared an official one for him. A few days ago I just had a thought of making a fun Organization chat. A chart with our caricature. I think it will be very funny. I prepared it in my lunch time. It's worth trying though. I sort out the pictures in reversed alphabetical order. TZO Tan Choon Seng Steven Lock Satheesh Nathan Mario Fiel Desmond Chong Wai Siong Airani The Organization Chart

145 is MY IQ

Free-IQTest.net - IQ Test On one Saturday of this month, I took an IQ test and got the score 145. It was the lunch time and office personnel and site staffs were taking a nap as usual. I feel uncomfortable of sleeping in the office. So I surfed internet and read friends’ blog and then I found out that my friends blogger ‘BOYZ’ has an IQ of 135 and this information made me to try the online IQ test. Most of the people have heard the particular work ‘IQ’ but they are really clueless what it is. One out of a hundred can’t tell you what the average score of a normal man is. Learning from Wikipedia found out that less than one percent of man has this kind of IQ score .Marilyn Vos Savant who appeared in the Guinness Book of World Records, obtained a ratio IQ of 228 which is 83 points higher than me. The structure of an IQ test may have many forms. Some tests use a single type of item or question, while others use several different subtests. Most tests yield both an overall score ...

I wonder why

ဒီညနေ ဆိုင်မှာ ထမင်း စားနေရင်နဲ့ တွေးဖြစ်တယ်။ နာဂစ် မုန်းတိုင်းဒဏ်ခံ ပြည်သူတွေ အတွက် နိုင်ငံတစ်ကာ အကူအညီကို လက်ခံရန် တွန့်ဆုတ်နေမှု အပေါ်မှာ ဘာဖြစ်လို့များ ကျွန်တော်တို့ တစ်တွေ မြန်မာသံရုံးရှေ့မှာ သွားပြီး ဆန္ဒမပြကြတာလဲလို့။ တစ်ကယ်တော့ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်မှုကို ပြရမယ့် အချိန် ဖြစ်နေပြီ။ 'စုစည်း ညီညွတ်မှုကို ပြသကြပါစို့' At the dinner table, I wonder why we don't go the the Burmese Embassies and demonstrate on the Burmese regime who is unlikely to accept International aids for reliefs. In fact, It's the time to show our unity. 'Lets show our unity.'

I'm sorry Burma.

Nagis မုန်တိုင်းကြောင့် မြန်မာနိုင်ငံရဲ့ အပျက်အဆီး၊ အဆုံးအရှုံး၊ အသေအပြောက် အရေအတွက်ဟာ များလွန်းလှပါတယ်။ သနားဖို့ကောင်းလှတဲ့ နိုင်ငံသားတွေ အမြာရင်ဆီးပြီးခံနေရတဲ့ သတင်းကို ကြားသိနေရတာဟာ တစ်ကယ့်ကို စိတ်မချမ်းမြေ့ စရာပါ။ လျှစ်စစ်မီး ပြတ်တောက်နေမှုကြောင့် နိုင်ငံတွင်းနေထိုင်သူတွေ ခမြာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အတော်များများ ပင်လယ်အောက် ရောက်သွားတယ် ဆိုတာမသိ ကြသေးပါဘူး။ It's so painful to hear that the poor Burmese suffer the causalities and soring death toll by the cyclone Nagis. Being lack of electricity, they don't even have a chance to know that the most area of land from the Irrawaddy delta region was under the sea while the world is witnessing from the TV. "ဒီလို ဒုက္ခတွေကြုံနေတဲ့ အချိန်မှာ စစ်တပ်၊ ရဲ၊ မီးသတ် တွေကို မတွေ့ရပါဘူး။ သူတို့ အရေအတွက် အတော်များမှန်း ကျွန်တော် သိပါတယ်။ တစ်ကယ့် အချိန်မှာ ဘယ်ရောက်နေမှန်း မသိပါဘူး။ အတော့်ကို ကျောချမ်းစရာ ကောင်းပါတယ်" မုန်တိုင်းကို လက်တွေ့ကြုံလိုက်ရတဲ့ Swiss Diplomat တစ်ယောက်က CNN မှာပြောခဲ့တာပါ။ "I didn't see an...

Kuala Lumpur ကို တရုတ်နှစ်ကူးမှာ သွားရင်ကောင်းမလား

နောက်လ တရုတ်နှစ်ကူးကျရင် မလေးရှားသွားဖြစ်လိမ့်မယ်နဲ့တူတယ်။ မလေးရှား ဂျဟိုးဘားရူး ဆိုတဲ့ နယ်စပ်မြို့ကို ၁ဒေါ်လာနဲ့ ၃၀ ပဲပေးရတာ။ ဒီမှာက နှစ်ကူးဆိုရင် ဆိုင်တွေ အကုန်ပိတ်တော့ အမြဲဝယ်စားတဲ့သူအတွက် စားစရာ သောက်စရာကို မရှိဖြစ်သွားတတ်တယ်လေ။ မလေးရှား ကွာလာလမ်ပူ အထိဆိုရင် ကားခ အသွားအပြန် ဒေါ်လာ ၅၀ လောက်ပေးရတယ်။ ဘယ်အထိသွားဖြစ်မယ် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ အခုထက်ထိ ဘာမှ မသိသေးပါဘူး။ မြတ်သူစိုးလဲ ကွာလာလမ်ပူကို အဲဒီအချိန်ကျရင်သွားမယ်။ အခုတော့ မလေးဗီဇာ ဝင်ထားတယ်။ မလေးဗီဇာ စင်ကာပူမှာ အလုပ်လုပ်တဲ့သူအတွက်ဆိုရင် ၁နှစ်အတွင်း ကြိုက်သလောက်ဝင် ကြိုက်သလောက်ထွက် အကြိမ် အကန့်အသတ်မရှိ လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီကိစ္စက မသေချာသေးပါဘူး။ ဗီဇာသာ ဝင်ထားတာပါ။