နောက်လ တရုတ်နှစ်ကူးကျရင် မလေးရှားသွားဖြစ်လိမ့်မယ်နဲ့တူတယ်။ မလေးရှား ဂျဟိုးဘားရူး ဆိုတဲ့ နယ်စပ်မြို့ကို ၁ဒေါ်လာနဲ့ ၃၀ ပဲပေးရတာ။ ဒီမှာက နှစ်ကူးဆိုရင် ဆိုင်တွေ အကုန်ပိတ်တော့ အမြဲဝယ်စားတဲ့သူအတွက် စားစရာ သောက်စရာကို မရှိဖြစ်သွားတတ်တယ်လေ။ မလေးရှား ကွာလာလမ်ပူ အထိဆိုရင် ကားခ အသွားအပြန် ဒေါ်လာ ၅၀ လောက်ပေးရတယ်။ ဘယ်အထိသွားဖြစ်မယ် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ အခုထက်ထိ ဘာမှ မသိသေးပါဘူး။ မြတ်သူစိုးလဲ ကွာလာလမ်ပူကို အဲဒီအချိန်ကျရင်သွားမယ်။ အခုတော့ မလေးဗီဇာ ဝင်ထားတယ်။ မလေးဗီဇာ စင်ကာပူမှာ အလုပ်လုပ်တဲ့သူအတွက်ဆိုရင် ၁နှစ်အတွင်း ကြိုက်သလောက်ဝင် ကြိုက်သလောက်ထွက် အကြိမ် အကန့်အသတ်မရှိ လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီကိစ္စက မသေချာသေးပါဘူး။ ဗီဇာသာ ဝင်ထားတာပါ။
Comments