Skip to main content

နေစရာနှင့် IKEA

အိမ်ကတော့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင် စပြောင်းလို့ရပါပြီ။ အိမ်ရှင် လင်မယားနဲ့ ၁၃ ရက်က စကားသွားပြောတော့ သူတို့က အရမ်းသဘောကျသွားတာနဲ့ အိမ်ပြောင်းမယ်ဆိုရင် ချက်ချင်းပြောင်းလို့ရတယ် ဆိုတဲ့ အထိဖြစ်သွားတယ်လေ။ ဒါပေမယ် ခက်နေတာက အခုနေတဲ့အိမ်က အိမ်လခကို လကုန်တဲ့အထိ အပြည့်ပေးပြီသားဖြစ်နေလို့ ဖေဖေါ်ဝါရီ လဆန်းမှပဲပြောင်းပါရစေလို့ ပြောလိုက်ရပါတယ်။ အိမ်ပြောင်းရင် ကိုယ်ဘာသာကို အခန်းတစ်ခန်းနဲ့နေတော့ အိမ်ရှင်က ကုတင်၊ အိပ်ရာခင်း၊ အဝတ်လျော်စက်။ ပန်ကာ၊ စာကြည့်စာပွဲ၊ ဖိနပ်စင်၊ ဗီဒို၊ မီးပူ၊ vacuum cleaner၊ ပန်းကန်၊ စတာတွေ အကုန်ပေးမယ် ဆိုပေမယ့်လည်း ကိုယ့်ဘက်ကတော့ ကိုယ့်အခန်း အတွက်ကိုယ် ဝယ်ပြီး ဖြည့်ရဦးမှာပါ။ ဥပမာ သူများ ပန်ကန်ကိုယူပြီးနေ့တိုင်း ထမင်းစားနေလို့ဘယ်ကောင်းပါ့မလဲနော်။ အိမ်ခန်းအတွက် ပစ္စည်းဝယ်ဖြည့်တာကတော့ ဒီမှာ အရမ်းလွယ်ပါတယ်။ Ikea ဆိုတဲ့ဆိုင်က ပစ္စည်းတွေက ဒီဇိုင်းအရမ်းကောင်းပြီးဈေးကလည်း ၄ဆ လောက်ကို သက်သာပါတယ်။ နောက်ပြီး အကြွေးဝယ်လို့လည်းရတယ်။ နောက်ပြီး ဝယ်ပြီး အိမ်မှာ သုံးကြည့်ပြီး စိတ်ပြောင်းသွားလို့ မကြိုက်တော့ဘူးဆိုရင် ပစ္စည်းကလည်းဝယ်ထားတာ ရက် ၁၀၀ အတွင်းမှာပဲရှိနေသေးရင် ပြန်လဲလို့ရသေးတယ်။ ပစ္စည်း ကြီးကြီးမားမား ဝယ်ရင် သူဘာသာသူသယ်လာပြီး အိမ်တိုင်ရာရောက်တပ်ဆင်ပေးတယ်။ ကိုယ့်ဘာသာကို TAXI နဲ့ သယ်တာထက် အများကြီး ပိုသက်သာ ပါတယ်။ ကိုယ်တိုင်လည်း ဘာမှလုပ်စရာ မလိုတော့ပါဘူး။ သူက Norway ကုမ္မဏီပါ။ ဒီဇိုင်းတွေက ဥရောပက Folks Art နဲ့ Modern Style ၂ ခုရောနေတဲ့ အတွက် သူပစ္စည်းတွေ ပိုင်ဆိုင်ရဖို့ စိတ်ကူးနဲ့တင် ရူးမိပါတယ်။ ပစ္စည်းတိုင်းမှာ Designer ရဲ့နာမည်ကိုလည်း ထိုးထားတာကလည်း ထူးခြားချက်ပါ။ ဒီဇိုင်းထုတ်သူက အရမ်းကိုတော်ပါတယ် တန်းဖိုးနည်း၊ သဘာဝပတ်ဝန်းကျင်နဲ့လည်းသင့်တော်၊ Recycle လုပ်လို့ရတဲ့ ပစ္စည်းတွေခြည်းပဲလည်းဖြစ်၊ ဈေးနှှုန်းကလည်း သိပ်ကိုချို အောင်တွက်ချက်ပြီး ဒီဇိုင်းလုပ်နိုင်ကြပါတယ်။ နောက်ပြီး ဝန်ထမ်းကိုလည်း သူ့နေရာနဲ့သူ ကျွမ်းကျင်အောင်လေ့ကျင့်ပေးထား၊ ပစ္စည်းတွေခင်းပြတာကလည်း စိတ်ဝင်စားစရာကောင်း၊ ဆိုတော့ ဒီထက်ကောင်းတဲ့ အိမ်သုံးပစ္စည်း အရောင်းကုမ္မဏီရှိပါဦးမလား မသိဘူးနော်။အိမ်ပြောင်းရင်တော့ လိုအပ်တာတွေ အကုန်လုံး အဲဒီကပဲ တစ်ခါတည်း အကုန်လုံးဝယ်လိုက်တော့မယ်။ တစ်ခါတည်း ဝယ်တယ်ဆိုတော့ သွားစရိတ် လာစရိတ်ပိုသက်သာတာပေါ့။ စိတ်ဝင်စားရင် ဒီ Website ကိုကြည့်လိုက်ဦးနော်။ www.ikea.com (IKEA ဆိုင်ကို ခေါ်သွားပေးတဲ့ မစောသန္တာတင်ကို အထူးကျေးဇူးတင်ပါတယ်) စင်ကာပူမှာနေပြီး မရောက်ရသေးတဲ့သူတွေ အတွက် လွယ်ကူအောင် လိပ်စာ ပေးလိုက်ပါတယ်။ address: IKEA Singapore 317 Alexandra Road Singapore 159965 60 Tampines North Drive 2 Singapore 528764 fax: 6474 3200 (IKEA Alexandra) 6786 6888 (IKEA Tampines) tel: 6786 6868

Comments

Popular posts from this blog

Living in Singapore: Promenade (1)

Standing in front of the Ministry of Development Master Plan of Marina Bay and I This is the Ariel photo of the island state, Singapore and this is where I live This is my apartment block Joint the parade TZO at China Town Singapore China Town Preserved area

BIM (Building Information Modeling) မိတ်ဆက်

အခုအချိန်တွင် BIM ဆိုတဲ့ စကားလုံးကို ဆောက်လုပ်ရေးလောကမှာ အတော်များများ ပြောသံဆိုသံတွေ ကြားလာကြတယ်။ ဒါကြောင့် BIM ဘာကြီးမှန်း သိဖို့နဲ့ ဘယ်သူတွေက ဘယ်ကိစ္စတွေမှာ သုံးနေတယ် သုံးကြတယ် ဆိုတာကို အတိအကျသိဖို့ လိုပါလိမ့်မယ်။ တစ်ချို့က BIM သည် software တစ်မျိုးလို့ပြောတယ်။ တစ်ချို့က BIM သည် အဆောက်အဦးတွေရဲ့ 3D model လို့ဆိုကြပြန်တယ်။ တစ်ခြားလူတွေက BIM ဆိုတာ အဆောက်အဦးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကို သေသေခြာစုဆောင်း ပေးနိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ရှုင်းပြကြပြန်တယ်။ တစ်ကယ်တော့ BIM ဆိုတာ ခုနကပြောခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံးထက် အများကြီးကိုပိုသ ပြီးလုပ်ဆောင်ပေးနိုင် ပါသေးတယ်။  သာမန်လူတစ်​ေယာက်၊ ဆောက်လုပ်ရေးလောက ပြင်ပကလူတစ်ယောက် နားလည်အောင် ရှင်းပြရရင် BIM ဆိုတာဖြစ်လာဖို့ အတွက် digital 3D model ကို စပြီးတည်ဆောက်ရတယ်။ အဲဒီ model က သာမန် 3D model ထက်ပိုပြီး အခက်အလက်တွေကို ထည့်သွင်း ဖေါ်ပြတယ်။ ဆိုကြပါစို့ လှပပြီး စိတ်ဝင်စား စရာကောင်းတဲ့ နံရံတွေရဲ့ ဆေးရောင်တွေ၊ texture တွေ ကိုတစ်ပါတည်း ထည့်သွင်းဖေါ်ပြလို့ရပါတယ်။ BIM model တစ်ခု ဖြစ်လာဖို့ဆိုရင် တစ်ကယ့်အဆောက်အဦးမှာ ပါတယ့် စိတ်အပိုင်းတွေ အကုန်က