Skip to main content

နိုင်ငံရပ်ခြားတွင် ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း (Taking Care of Myself in Abroad)

ဒီနေ့ ကျွန်တော် သွားဆေးခန်းသွားပြရတယ်။ သွားတစ်ချောင်းက ပဲ့သွားလို့လေ။ ဒီမှာက သွားဆေးခန်းကို ဗမာပြည်မှာလို သွားတာနဲ့ တန်းစီပြီး တန်းဝင်လို့မရဘူး။ ဘာလို့လည်းဆိုတော့ တန်းကသိပ်ရှည်လွန်းနေတော့ ကြိုတင်ပြီး စာရင်းပေးထားရတယ်။ ရုံးချိန်လည်းလွတ်အောင် ရုံးချိန်နဲ့လွတ်တဲ့ အချိန်ကို လိုချင်တော့ တစ်ပတ် စောင့်လိုက်ရတယ်။

သွားလုပ်ရမယ့်နေ့ ဒီနေ့နေ့လည်လောက်မှာ ဆေးခန်းက ဖုန်းဆက်ပြီး သတိပေးတယ်လေ။ သတိမေ့ပြီး မသွားမိရင် နောက်အစက ပြန်ပြီးတန်းစီရမှာရယ်၊ မလာဖြစ်ရင် တစ်ခြားလူနာကို အခွင့်အရေးပေးလို့ရတာရယ်၊ နောက်ပြီး ဆေးခန်း မှာတစ်ယောက်က စာရင်းပေးပြီးမှ မလာရင် ဆေးခန်းဝင်ငွေ နစ်နာနိုင်တာကြောင့် ဒီလို သတိပေးတဲ့ ကိစ္စဟာ သုံးဦးသုံးဖလှယ် အတွက် သိပ်ကောင်းတဲ့ ကိစ္စပါ။ အဲဒီလိုဖုန်းဆက်လာတုန်းက သူက ကျွန်တော်နဲ့ ချိတ်ထားတဲ့ အချိန် ၇ နာရီ ၁၅ ထက်စောအောင်လာနိုင်မလားတဲ့။ ပုံစံကြည့်ရတာ ကိုယ့်အရင်လူက မလာနိုင်တော့ဘူး ဖြစ်သွားလို့နေမှာပေါ့။ ဒါနဲ့ ၇ နာရီရောက်အောင် လာပါ့မယ် ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ ချိန်းထားတဲ့ အတိုင်း ၇ နာရီရောက်အောင် ရုံးကနေ ပြန်ရတာပေါ့။

ပုံမှန်ပြန်နေကြအတိုင်း မာရီယို ဆိုတဲ့ ဖိလစ်ပီနို ဆိုက် အင်ဂျင်နီယာ အဖိုးကြီးရုံးဆင်းတဲ့ အချိန်ကိုစောင့်ပြီး အတူတူပြန်ရင် ၇ နာရီခွဲမှ အိမ်ပြန်ရောက်တာလေ။ သူ့ရုံးဆင်းချိန်က ၆ နာရီ၊ ကျွန်တော့်ရုံးဆင်းချိန်က ၅ နာရီခွဲ ဖြစ်နေတာကိုး။ ဒီနေ့တော့ တစ်ယောက်တည်းပဲ သူ့ကိုစောင့်မနေတော့ပဲ အိမ်ပြန်လိုက်တယ်လေ။ အိမ်ကို ၆ နာရီ ၄၅ မိနစ်လောက်ပြန်ရောက်ပြီး ပါးစပ်ဆေး သွားတိုက်လုပ်ပြီး ဆေးခန်းရောက်သွားတော့ ၇ နာရီပေါ့။ သွားဆေးခန်းက တိုက် (၈၈၈) မှာ ကျွန်တော်နေတာက တိုက် (၈၉၇) ဆိုတော့ ၃ မိနစ်လောက် လမ်းလျောက်လိုက်ရင် ရောက်ရော။

ဆေးခန်းက ကျွန်တော်ဝယ်ထားတဲ့ အချိန်ဖြစ်တာနဲ့ အညီ ကျွန်တော့်ကို စောင့်ကြိုနေတယ်လေ။ ကိုယ့်ရှေ့မှာ ဘယ်လူနာမှ မရှိသလို ကျန်တဲ့ လူနာတွေကလည်း သူတို့ အချိန်မဟုတ်တဲ့ အတွက် မတွေ့ရဘူးပေါ့။ ရန်ကုန်မှာ ဘီလူးမ သွားကိုက်နေတဲ့ ရုပ်တွေ မတွေ့ရတာနဲ့တင် အတော်ကောင်းနေပြီလေ။ ဆရာဝန်ရဲ့ Operation ခန်းထဲကို မဝင်ခင် အခန်း၀ Reception မှာ စောင့်နေတဲ့ စာရေးမလေးက ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို မေးတော့တာပေါ့။ ဥပမာ ဘာဆေးနဲ့ မတဲ့တာရှိလည်းဆိုတာမျိုး။ နောက်တစ်ခုပဲထူးခြားတာက ကျွန်တော့ရဲ့ စင်ကာပူ နိုင်ငံခြားသားကဒ်ကို သူကတောင်ပြီး သိမ်းထားလိုက်တယ်လေ ပြီးတော့မှာ Operation ခန်းထဲ ဝင်ခွင့်ပြုတယ်။ ပုံစံကြည့်ရတာ ဆေးခန်းပြပြီး ပိုက်ဆံမပေး နိုင်တဲ့ လူတွေ ဘယ်လောက်များနေလဲမှ မသိတာ။

Operation room ကတော့ ရန်ကုန်က ဆေးခန်းတွေထက် သိပ်ပြီး မထူးခြားလှပါဘူး။ သာမန် သွားဆေးခန်းလို ခပ်ကျဉ်းကျဉ်းပါပဲ။ ရန်ကုန်မှာရှိတဲ တစ်ခြိ့ု သွားဆေးခန်းတွေက သိပ်ကြီးကျတယ်လေ။ အော် ဒါနဲ့ ဆေးခန်းရဲ့ Reception နေရာမှာမှာတော့ ဆရာဝန်ရထားတဲ့ အောင်လက်မှတ် ဘွဲ့လက်မှတ်တွေကို ပြထားတာပဲ။ ဆရာဝန်က Australia ကနေပြီး MRCP လိုလက်မှတ်ရထားသတဲ့လေ။ ဒီမှာက UK ထက် Australia ကပိုပြီး ခေတ်စားပုံရတယ်။ Operation room ထဲရောက်တော့ ဆရာဝန်က ဘာဖြစ်လဲတဲ့လေ။ ကျွန်တော်လည်း “မသိပါဘူးဗျာ အခုရက်ပိုင်းမှာ သွားကပဲ့သွားပြီး စားရတာ အဆင်မပြေတာနဲ့လာပြတာပါ။ ဘာတွေလုပ်ဖို့လိုအပ်တယ် ဆိုတာရယ်၊ ဘယ်လောက်ကြာမယ်ဆိုတာရယ်၊ ဘယ်လောက်ကုန်မယ် ဆိုတာရယ်ကိုသာ ပြောပြပါတော”့ လို့သူကိုပြောလိုက်တာပါပဲ။ ဒီနဲ့သူက သွားတွေအကုန်လိုက်စစ်ပြီး သွား ၃ ချောင်းမှာ ဂလိုင်ဖြစ်နေတယ်တဲ့လေ။ အဲဒီသုံချောင်းထဲမှာ ၂ ချောင်းက အပေါ်သွား အံဆုံးတွေဖြစ်နေပြီး အဲဒီသွားတွေ အောက်ဖက်မှာ ဘာအံဆုံးမှ ထပ်မပေါက်တော့ နှုတ်ပြစ်လိုက်တာ အကောင်းဆုံးပဲတဲ့။ အဲဒီသွားတွေက ပြဿနာပေးရုံကလွဲလို့ ကိုက်တဲ့စားတဲ့နေရာမှာ အသုံးမဝင်ဘူးဖြစ်နေတယ်တဲ့လေ။ နောက် ၁ ချောင်းကတော့ အပေါ်သွား ဗယ်ဖက်က အစွယ် (incisor) ဖြစ်ပြီး သူ့မှာရှိတဲ့ အပေါက်ကို ပိတ်ပစ်လိုက်လို့ ရတယ်တဲ့လေ။ နောက်တစ်ခု သူထောက်ပြတာက အဲဒီအံဆုံးနဲ့ ကပ်ရက်အံသွားတစ်ချောင်းမှာ အပေါက်ရှိနေသလားဆိုတာကို သံသရရှိသတဲ့။ ဒါပေမယ် အဲဒီအံဆုံးကကွယ်နေတော့ ဘယ်လိုမှ မမြင်နိုင်ဘူးဖြစ်နေတယ်တဲ့လေ။ နောက်ထပ် သူအကြံပေးတဲ့ တစ်ခုကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကနှတ်ထားခဲ့တဲ့ အံသွားနေရာမှာ သွားထပ်စိုက်ဖို့နဲ့ အရောင်နည်းနည်းညစ်နေတဲ့သွားတွေကို အရောင်တင်ဖို့ပါပဲ။ အံဆုံးနှတ်တာကို SG$ ၁၀၀ ၊ သွားဖာတာက SG$ ၆၀ ယူကြောင်း။ ကြာချိန်ကတော့ တစ်ခါတည်းပြီး နိုင်ကြောင်း အံဆုံးတွေကိုတော့ တစ်ချောင်းပြီးမှ တစ်ချောင်း နှုတ်စေခြင်ကြောင်း။

ကျွန်တော်ကတော့ ဘယ်ဟာကို ဦးစားပေးဖြေရှင်းရမလဲ ဆိုတာတဲ့ အစီအစဉ်ကိုပြောပါဦးဆိုတော့ သူက “ပထမဦးဆုံး အံဆုံး တစ်ချောင်းကို နှုတ်ပစ်လိုက်မယ်။ အဲဒီအခါမှာ သူရှေ့မှာရှိတဲ့ အံသွားရဲ့ အခြေအနေကို သိခွင့်ရပြီး နောက်လိုအပ်သလို ကုသမှုခံယူရမယ်။ ဒီနေ့တစ်ရက်တည်းမှာပဲ ပဲ့သွားတဲ့ အစွယ်ကို ဖာပေးလိုက်မယ်” ဆိုပြီး သူ့အစီအစဉ်ကို ပြောပြပါတယ်။ နောက်တစ်ဆက်တည်းမှာပဲ သူက “အခုလို သွားပဲ့လျင်ပဲ့ခြင်း သတိထားမိတာနဲ့ ဆေးခန်းလာတာ တစ်ကယ်ကောင်းတဲ့ အလေ့အကျင့်လို့” ဆိုပါတယ့်။ “လူအများစုဟာ ပထမဆုံးသွားပဲ့သွားပြီး နောက်သွားက ပိုပိုပျက်ဆီးလာပြီး အမြစ်အတွင်း အထိကိုပါ ထိခိုက်လာတော့မှ ဆေးခန်းလာရောက်လာကြ ပြီးအဲဒီလို အခြေအနေမျိုးမှာ ဆိုရင် ကုသပျောက်ကင်းဖို့အတွက် အချိန်အများကြီးပေးရပြီး ဆရာဝန်ကော လူနာပါ ပင်ပင်ပန်းပန်းနဲ့ ကုသရပါတယ်၊ နောက် သိပ်နောက်ကျသွားမယ်ဆိုရင် အဲဒီသွားကို နှတ်ပစ်လိုက်ရလို့ သွားတစ်ချောင်းဆုံးရှုံး သွားမှာ ဖြစ်ပါတယ်” လို့သူက ရှင်းပြပါသေးတယ်။

ကျွန်တော်က ဒီဆိုလည်း ဒီနေ့ အတွက် အစီအစဉ်အရ အံဆုံးတစ်ချောင်းကို နှုတ်ဖို့နဲ့ အစွယ်တစ်ချောင်းကို ဖာဖို့သူကိုပြောလိုက်တော့ သူက “အလုပ်လုပ်တဲ့ Company က သွား အတွက် အာမခံထားပေးသလား။ အာမခံ မရှိရင် ပေးစရာ ပိုက်ဆံရောရှိရဲ့လား” လို့မေးပါတယ်။ ဗမာပြည်မှာ ဒီလိုမေးခွန်း အမေးခံရရင် လူနာက ဒေါသ အင်မတန်ထွက် မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဗမာပြည်က လွဲလို့ ကျန်တဲ့နိုင်ငံတွေမှာကတော့ ဒီမေးခွန်းမျိုးဟာ ကြားရိုးကြားစဉ်နေ့စဉ် ဘဝထဲက မေးခွန်းမျိုးပဲ ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်တယ်လို့ ဆိုပေမယ့် ဘယ်သူမှ မချောင်လည် ငွေပိုငွေလျံ သိပ်မရှိကြတဲ့ သာမန်ပြည်သူတွေ ငွေရေးကြေးရေး ဒုက္ခရောက်ပြီဆိုရင် ဘယ့်သူ့ကို ဘယ်သူကမှ မကူနိုင်ဘူးလေ။ နောက်ပြီး ဆွေမျိုးအရင်းအခြာ ဆိုတာကလည်း ရှိမှ မရှိပဲကိုး။ သူငယ်ချင်းတွေလည်း အကုန်ကျပ်တည်းနေ မြင်နေရတာပဲလေ။ ဒါနဲ့ပဲ ကျွန်တော်က “ကျွန်တော်အလုပ်လုပ်တဲ့ Company က ဝန်ထမ်းတွေ အတွက် သွားနဲ့ မျက်စိ အတွက် ကျန်မာရေး အာမခံ ထားမပေးကြောင်း။ ဒါပေမယ့် ကိုယ့်သွားနဲ့ ကိုယ်စားနေတာ ဖြစ်တဲ့ အတွက် ကိုယ်ဖာသာကို ဂရုစိုက်ဖို့ တာဝန်ရှိတဲ့ အကြောင်း။ ကုသမှုအတွက် ပေးခြေစရာ ငွေအပြည့်အ၀ ရှိပါကြောင်း” ကို ပြောပြလိုက်ပါတယ်။ သူကဆက်ပြီး “စင်ကာပူမှာ လူ အတော်များများက ရောဂါဘယ်လောက်ဆိုးဆိုး Company အာမခံ ကပေးမယ့် ပိုက်ဆံကို မျှော်လင့်ပြီး လိုအပ်တဲ့ ကုသမှုကိုလိုအပ်တဲ့ အချိန်မှာ မယူကြောင်း။ အာမခံ မရှိရင် ဆေးမကုချင် ကြကြောင်း” ဆိုပြီး ဒီက လူတွေရဲ့ အတွေးအခေါ်ကို ပြောပြပါတယ်။

ဒီလိုနဲ့ပဲ သူက စပြီး Operation စလုပ်ပါတယ်။ ပထမ ဦးဆုံး အစွယ်ကို မဖာခင် သန့်ရှင်းရေးလုပ်ပါတယ်။ ကျောက်စက်နဲ့ နည်းနည်းပါးပါးစားပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုရယ်၊ ခေတ်မှီ စက်ကိရိယာ စုံလင်မှုရယ်ကြောင့် ရန်ကုန်မှာတုန်းကလို ကျောက်စက်ဒါဏ်ကို နာရီပေါင်းများစွာ မခံရ၊ ဆူညံမှုလည်း သိပ်မရှိ၊ လူလည်းသိပ်မပင်ပန်းပဲ ၅ မိနစ်လောက် အတွင်းမှာပဲ သွားဖားထေး ဖို့ အသင့်အနေအထားကို ရောက်သွားပါတယ်။ ဆံပင်ညှပ်တာလောက်ကို လွယ်တယ်လို့ဆိုရပါမယ်။ အဲဒီအချိန်မှာပဲ သူကအဲဒီသွား ကိစ္စကို ခဏရပ်ပြီး အံဆုံး နူတ်ဖို့အတွက် ထုံဆေးထိုးပါတယ်။ ဒီကထုံဆေးရဲ့ကောင်းတဲ့အချက်က ပါးစပ်နှတ်ခမ်းတွေဟာ သာမန် အတိုင်းလှပ်ရှားလို့ရပါတယ်။ ရန်ကုန်မှာတုန်းက ထုံးဆေးထိုးပြီးတာနဲ့ နှတ်ခမ်းတွေ ထုံနေပြီး ပါးစပ်ပိတ်တဲ့ အခါ နှတ်ခမ်းတွေက ပါးစပ်ဖွင့်ပြီး ထုံးဆေးထိုးခံရစဉ်ကအတိုင်းပွင့်နေပြီး နောက် ၂ နာရီလောက် အထိပိတ်လို့ မရတော့ပါဘူး။ ထုံးဆေး ထိုးလို့ပြီးတာနဲ့ အခုနက သန့်ရှင်းရေးလုပ်ထားတဲ့ အစွယ်ကို ဖာပေးပါတယ်။ သိပ်ကိုမြန်ပါတယ်။ ၅ မိနစ်လောက်အတွင်းမှာပဲ ကိစ္စပြီးသွားပါတယ်။ အချိန်မြန်တာနဲ့ အမျှလူလည်း သက်သာပါတယ်။ နောက်တစ်ဆက်တည်း ကျွန်တော့်အံဆုံးကို နှုတ်ဖို့အတွက် သွားဖုံးတွေမှာ ထုံဆေးပြန့် မပြန့်ကို စမ်းပါတယ်။ စိတ်ချရတဲ့ အနေအထားရှိတာနဲ့ သူက အံဆုံးကို နှုတ်ပေးလိုက်ပါတယ်။ သွားနှတ်ပြီး သွားတဲ့ အထိလုံး၀ ဘာမှ မသိလိုက်ရပဲ အေးအေးဆေးဆေးပြီးသွားခဲ့ပါတယ်။ သူက “အံဆုံးနှုတ်ပြီးသွား ပြီဖြစ်ကြောင်း၊ ပါးစပ်ထဲမှာ ဂွမ်းကို သွေးတိပ်အောင် ၁၅ မိနစ်လောက် ဖိကိုက်ထားဖို့လိုကြောင်း” ကိုပြောပါတယ်။

Operation ပြီးဆုံးသွားပါပြီးနောက် ကျွန်တော် Reception ရှိတဲ့နေရာကို လျောက်သွားပြီး ကျွန်တော်ငွေရှင်းပေးပါတယ်။ ပထမဦးဆုံးအကြိမ်ဆေးခန်းပြတာ ဖြစ်တဲ့အတွက် ရောဂါဖြစ်စဉ်မှတ်တမ်း စာအုပ်ဖိုးက SG$ ၁၅၊ သွားဖာတက SG$ ၆၀၊ အံဆုံးနှုတ်တာက SG$ ၁၀၀၊ နောက်သောက်ရမယ့် ဆေးတွေအတွက်က နောက်ထပ် SG$ ၁၅၊ စုစုပေါင်း SG$ ၁၉၀ ကျပါတယ်။ တွက်ကြည့်ရင် ရန်ကုန်မှာ ရှိတဲ့ နာမည်ကြီး သွားဆေးခန်းတွေမှာ ကုသမှုခံယူတာနဲ့ ဈေးနှုန်း အတူတူပါပဲ။ ဘာလို့ ရန်ကုန်ပြန်ရောက်တဲ့ အထိ ရောပါပိုက်ပြီး ထိုင်စောင့်နေတော့မှာလဲ။ ရောဂါဆိုတာ နုတုန်းကုတာ အကောင်းဆုံးမဟုတ်လား။ ဒီမှာက စက်ကိရိယာ စုံတယ်၊ ကျွမ်းကျင်မှုကိုတော့ နိုင်ယှဉ်ပြီး မဝေဖန်ချင်ဘူး၊ ဒါက လူပေါ်မှာပဲမူတည်လို့၊ နောက်တစ်ချက်က လျှပ်စစ်မီး အတွက်စိတ်ပူစရာမလိုဘူး၊ လျပ်စပ်မီး အချိန်ပြည့်မလာတော့ ကိရိယာတွေ ပိုးသပ်တာမှ ပြဿနာရှိနိုင်တယ်။ ဆရာဝန်က အချိန်ရဲ့ တန်ဖိုးကိုပိုသိတယ်၊ ခဏခဏ ပြန်မချိန်းဘူး။ တစ်ခါတည်းနဲ့ ကိစ္စပြီးတယ်။ ရန်ကုန်ပြန်တဲ့ အချိန်တစ်ခါတည်း သွားဆေးခန်းပြမိရင် ဆရာဝန်က ခဏခဏ ချိန်းနေတာနဲ့ ပြီးတော့ တစ်ခါတစ်ခါ Operation ခန်းထဲမှာ အချိန်ကုန်ပြီး လူက ပင်ပန်းပြီး ထွက်လာတာနဲ့ ဆိုတော့ မိသားစုနဲ့ ပြန်တွေ့တဲ့ အချိန်လေးမှာ ပျော်သင့်သလောက် မပျော်ရဘူး။

အချုပ်အားဖြင့်ပြောရရင် ဆေးကုစရာရှိရင် မြန်မြန်ကုပါ။ ရောဂါမမွေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ကလွဲရင် ဘယ်သူကမှ လာပြီး မစောင့်ရှောက်ပါ။ အသက်ကိုဉာဏ်စောင့်ပါတယ်။ ရန်ကုန်ဆိုတာ အနည်းဆုံး ၁ နှစ် ၁ ခါ သို့မဟုတ် ၂ နှစ် ၁ ခါ လောက်မှ ပြန်ရောက်ပြီး နေရချိန် သိပ်နည်းလို့ ရန်ကုန်မှာမှ ဆေးကုမယ်ဆိုတဲ့ စိတ်ကို ဖျောက်လိုက်ပါ။ လက်တွေ့ကျတဲ့ အတွေးအခေါ်မဟုတ်လို့ပါ။ ရန်ကုန်မှာ သုံးတဲ့ ဆေးပစ္စည်းတွေက တရုတ်ပြည်က အများဆုံး တင်သွင်းတာဖြစ်လို့ အပြည့်အဝစိတ်ချရမယ်လို့ စိတ်ထဲမှာ မှတ်မထားပါနဲ့။ ရန်ကုန်မှာ ဆေးဝါးပစ္စည်းတွေ ကို အစိုးရ အချိန်ပြည့် အရည်အသွေး စစ်ဆေးပေး မနေပါ။ ရန်ကုန်က ဆေးကုန်သည်တွေကလည်း အရည်အသွေးကို ဂရုစိုက်ပြီး ဈေးကွက်ထဲကို တင်သွင်းလိမ့်မယ်လို့ မထင်ပါ။

Comments

Popular posts from this blog

Thant Zin 18's photostream

Thant Zin 18's photostream on Flickr.

Building procurement method: Management

Management Management procurement is a method where construction work is completed using a series of separate works or trade contracts which the main contractor is responsible for managing. The contractor does not actually do the physical work, but is paid a sum for managing the project through the various works packages. The employer starts by appointing consultants and a contract administrator to prepare drawings, a project specification and cost plan. The employer has control over design throughout the project through their professional team. The contractor is appointed by negotiaiton or tender, and interview. The works packages are usually let by competitive tender. It is beneficial for the proposed contractor to be involved as early as possible as they will provide expertise in terms of buildability and programming of the works packages. Other features of management procurement Design can proceed in parallel with construction, and much of the design might be of a specialist ...

My Friend at The Changi Airport

This is one of my friend. I met him at Yangon Technological University. He sent me his pictures two days ago and told me how ugly he is. These pictures were taken 4 months ago ,the very first time he landed on Singapore. Well Blog readies! I present you the famous, the legand, :P (he said not to post his name}.