Skip to main content

စင်ကာပူရဲ့ အလုပ်အပြောင်း အရွှေ့ ရာသီ

အခုတစ်လော စင်ကာပူမှာ ကြားနေရတဲ့ သတင်းတွေအရ မြန်မာပြည်က လူအများစုက စင်ကာပူကို ဒီဇင်ဘာလကုန် သို့မဟုတ် တရုတ်နှစ်ကူးပြီး ကာလမှာ လာပြီး အလုပ်ရှာဖို့ အားခဲထားတယ် သိရပါတယ်။ ဗမာ အများစု သိထားတဲ့ အသိအရ စင်ကာပူမှာ အဲဒီအချိန်ရောက်ရင် လခစားဝန်ထမ်းတွေက bonus ထုပ်ပြီး တစ်ခြား ကုမ္မဏီ ကိုပြောင်းလေ့ရှိတာမို့ လစ်လပ်တဲ့နေရာတွေ ပေါ်ပေါက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများတဲ့ကာလ မို့လို့ အလုပ်ရဖို့ တစ်ခြား အချိန်တွေထက် ပိုပြီး အခွင့်အရေး ကောင်းတယ် လို့ယုံကြည်ကြပါတယ်။ အဲဒီအယူအဆဟာ အပြည့်အဝမှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာကို တစ်နိုင်သမျှ ရှင်းလင်းပြောကြားပါ့မယ်။ စင်ကာပူမှာ ယေဘူရအားဖြင့် နိုင်ငံခြားသား ဆိုရင် officer မှပဲ bonus ရကြပါတယ်။ အခြေခံအလုပ်လုပ်တဲ့ သူတွေ၊ ရုံး စာရေးတွေ၊ အလုပ်သမားခေါင်း (foreman) ၊ အလုပ်ကြပ် (Supervisor) အဆင့် လုပ်ကိုင်သူ နိုင်ငံခြားသား တွေ ဟာ bonus ခံစားခွင့် ရရှိသူ အတော်ကို နည်းပါတယ်။ အဲဒီအဆင့်လောက်မှာ လုပ်ကိုင်သူတွေထဲက ကံအလွန်ကောင်းသူလောက်သာ bonus ရကြပါတယ်။ ပြောရမယ်ဆိုရင်ဖြင့် အဲဒီ level နဲ့ ကံကောင်းနေသူ ၅ ရာခိုင်နှုန်းထက် ပိုနိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့ဟာ နိုင်ငံတစ်ကာ အဆင့် ကုမ္မဏီ ကြီးတွေမှာ အလုပ်ရသူများသာ ဖြစ်ကြပါတယ်။ နောက်တစ်ခု သိထားဖို့က အခြေခံအလုပ်အကိုင် လုပ်သူများရဲ့ အခြေခံလစာ (Basic Salary) ဟာ စင်ကာပူ ဒေါ်လာ ၁၈၀၀ အောက်မှာသာရှိပါတယ်။ အခြေခံလခ ၁၈၀၀ အောက်ခံစားရတဲ့ သူတွေဟာ စင်ကာပူနိုင်ငံ အလုပ်သမား ဝင်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းအရ Work Permit ကိုသာ လျောက်ခွင့်ရှိပါတယ်။ စင်ကာပူမှာ work permit နဲ့ လုပ်နေတဲ့ အလုပ်သမားရဲ့ Passport ကို အလုပ်ရှင်ကသိမ်းထားလေ့ရှိပါတယ်။ အဲဒီအကျိုးဆက်က work permit နဲ့ လုပ်တဲ့ အလုပ်သမားဟာ တစ်ခြား အလုပ်ကို ပြောင်းလျောက်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဆိုလိုတာကတော့ အဲဒီလို အခြေခံ အလုပ်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့သူတွေ အနေနဲ့ အချိန်ရွေးနေစရာ မလိုပါဘူး။ work permit သမားတွေရဲ့ ဈေးကွက်ဟာ အလုပ်သမား အပြောင်းအရွှေ့ရာသီနဲ့ လုံးလုံး မသက်ဆိုင်လို့ပါ။ Officer အဆင့်လုပ်ကိုင်သူများကတော့ တော်ရုံတန်ရုံ အဆင့်လောက်ရှိပြီး မျှတာမှုရှိတဲ့ ကုမ္မဏီမှာလုပ်မိတယ် ဆိုရင် တစ်တစ်နှစ်ကုန်တဲ့ အခါ 13th month salary + bonus ခံစားခွင့်ရှိပါတယ်။

Comments

Popular posts from this blog

BIM (Building Information Modeling) မိတ်ဆက်

အခုအချိန်တွင် BIM ဆိုတဲ့ စကားလုံးကို ဆောက်လုပ်ရေးလောကမှာ အတော်များများ ပြောသံဆိုသံတွေ ကြားလာကြတယ်။ ဒါကြောင့် BIM ဘာကြီးမှန်း သိဖို့နဲ့ ဘယ်သူတွေက ဘယ်ကိစ္စတွေမှာ သုံးနေတယ် သုံးကြတယ် ဆိုတာကို အတိအကျသိဖို့ လိုပါလိမ့်မယ်။ တစ်ချို့က BIM သည် software တစ်မျိုးလို့ပြောတယ်။ တစ်ချို့က BIM သည် အဆောက်အဦးတွေရဲ့ 3D model လို့ဆိုကြပြန်တယ်။ တစ်ခြားလူတွေက BIM ဆိုတာ အဆောက်အဦးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကို သေသေခြာစုဆောင်း ပေးနိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ရှုင်းပြကြပြန်တယ်။ တစ်ကယ်တော့ BIM ဆိုတာ ခုနကပြောခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံးထက် အများကြီးကိုပိုသ ပြီးလုပ်ဆောင်ပေးနိုင် ပါသေးတယ်။  သာမန်လူတစ်​ေယာက်၊ ဆောက်လုပ်ရေးလောက ပြင်ပကလူတစ်ယောက် နားလည်အောင် ရှင်းပြရရင် BIM ဆိုတာဖြစ်လာဖို့ အတွက် digital 3D model ကို စပြီးတည်ဆောက်ရတယ်။ အဲဒီ model က သာမန် 3D model ထက်ပိုပြီး အခက်အလက်တွေကို ထည့်သွင်း ဖေါ်ပြတယ်။ ဆိုကြပါစို့ လှပပြီး စိတ်ဝင်စား စရာကောင်းတဲ့ နံရံတွေရဲ့ ဆေးရောင်တွေ၊ texture တွေ ကိုတစ်ပါတည်း ထည့်သွင်းဖေါ်ပြလို့ရပါတယ်။ BIM model တစ်ခု ဖြစ်လာဖို့ဆိုရင် တစ်ကယ့်အဆောက်အဦးမှာ ပါတယ့် စိတ်အပိုင်းတွေ အက...