Skip to main content

Living in Singapore: Neighborhood

အရင်လတုန်းက စင်ကာပူမှာ နေနေတဲ့ အိမ်အကြောင်း ရေးပြခဲ့ဖူးတယ်။ အိမ်ကို အလည် အပတ်မလာ နိုင်တဲ့ နိုင်ငံ ရပ်ခြားက သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဆွေမျိုးသာချင်း အကုန်လုံး ကျွန်တော့ အိမ်ကို အင်တာနက် ပေါ်ကနေ တဆင့် လာရောက် လည်ပတ်ခွင့် ရသွားကြတယ်။ အခု တစ်ခေါက်တော့ ကျွန်တော့ ရပ်ကွက်ထဲကို လှည့်ပတ်ကြည့်ကြတာပေါ့။

Last month, I posted about my home in Singapore. Friends, colleagues, relatives and family members could have an opportunity to visit my home via internet. This time, I'll let everyone to explore my neighborhood.



The jogging path and fusal field


အခု ပုံကတော့ ကျွန်တော် နေထိုင်တဲ့ တိုက်ရဲ့ ဘေးဘက်မှာရှိတဲ့ အားကစားကွင်းလေးရဲ့ပုံ ပါပဲ။ ပုံထဲမှာ မြင်ရတဲ့ လမ်းနီနီလေး ကတော့ ကျွန်တော့်တိုက်ကနေ ထွက်လာတဲ့ လျောက်လမ်းလေးပေါ့။ ကျွန်တော် အဲဒီကွင်းမှာ သွားပြီး အလုပ်က စောစော ပြန်ရောက်တဲ့ ညနေတွေမှာ ပြေးလေ့ ရှိတယ်။ ကံဆိုးစွာပဲ ပြီးခဲ့တဲ့လကနေပြီး ကုမ္မဏီက ကျွန်တော့ကို အခြားရုံး တစ်ခုကို ရွေှ့ပြောင်းတာဝန်ချ ထားတဲ့ အတွက် အိမ်ပြန်ရောက်တဲ့ အချိန်နောက် ကျသွားပြီး ညနေပိုင်း ပြေးဖို့ သိပ်ပြီး မလွယ်တော့ဘူး။ အစိမ်းရောင် သံဇကာတွေနဲ့ ရံထားတဲ့ကွင်း လေး ကတော့ Fusal (မြန်မာအခေါ် ဂိုးကျင်း) ကစားကွင်းလေးပါ။ သူများကစားတာကို ရပ်ကြည့်ဖူးတာက လွဲလို့ ကိုယ်တိုင် မစား ဖူးပါဘူး။ ဘောလုံးကန်မှ မကောင်းပဲကိုး။


At the side of my block is a playground. The red lane in the right side of the photo is the pedestrian path routed from my apartment block. I used to jog on the running path when I came back home early from the job. Unfortunately, I have been transfered me to another site office and due to the travel from the office to home, I mostly reach home late. The one with wire mash is fusal (mini soccer) field. I just watch the match. I've never tried to join the team because I'm not a good soccer player.



Kids practicing soccer

ရပ်ကွက်ထဲက ကလေးတွေ ဂိုးကျင်းကွင်း ဘေးမှာ ဂိုးသွင်းကျင့်နေတာကိုလည်း တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ ဒီဓါတ်ပုံရိုက်တဲ့ နေ့က တန္တဂနွေနေ့ မနက်မို့လို့တွေ့ရတာပါ။


Sometimes, I found my neighboring kids practicing for goal kick next to the fusal field. It was a Sunday morning and it is why I found they were playing outside the fusal field.



The athletic plaza

ခုနပြောခဲ့တဲ့ ဘောလုံးကွင်းနဲ့ ကပ်ရပ်က တော့ အားကစားမျိုးစုံ လုပ်လို့ရတဲ့ ကွင်းရှိလေရဲ့။ အဲဒီမှာ ကလေးရော၊ လူကြီးရော ကြံ့ခိုင် သန်စွမ်းရေး အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်လို့ရတယ်။ မကစားပဲ ကစားနေတဲ့သူတွေကို ထိုင်ခုံမှာ ထိုင်ပြီး ငေးနေတဲ့သူတွေလဲ ရှိလေရဲ့။


Adjacent to the fusal field and jogging track is an athletic plaza. From the young kids to the elderly persons can do physical exercise for body fitness and health living. However, some guys love to sit back, relax and enjoy the show.



Lovely playground for kids

ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ကစားကွင်းထဲမှာ ပြေးလွား ကစားနေတာကို ကြည့်ရတာနဲ့တင် တော်တော် ပျော်ဖို့ကောင်းနေပြီ


It is really amusing of watching the kids running in the playground.



The landscape of Athletic plaza

ဒီချစ်ဖို့ကောင်းတဲ့ ကစားကွင်းလေးကို ကျွန်တော်နေတဲ့ တိုက်အပါ အ၀င် လှပတဲ့ လူနေတိုက်ခန်းတွေနဲ့ ကာရံ ထားပုံကတော့ ဓါတ်ပုံကိုကြည့်မိသူတိုင်းကို ဆွဲဆောင်မှာ အသေအချာပဲပေါ့။


The lovable plaza surrounded by beautiful apartment blocks including mine is surely an attraction to everyone who look into this photo.



Basketball court

ဘစ္စကက်ဘော ကစားကွင်းလည်း ရှိပြန်တယ်လေ။ ဘောလုံးထက် ဘစ္စကက်ဘောကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ကစားတာကို သတိထားမိတယ်။


There is a Basketball court in the plaza. I notice that people likely to play basket ball that soccer.



The Thi-Chi Workout

သိကြတဲ့ အတိုင်းပဲ စင်ကာပူက တရုတ်လူမျိုးတွေ အဓိကနေထိုင်ကြတာ ဆိုတော့ တရုတ်ရိုးရာ အားကစားဖြစ်တဲ့ ထိုက်ချိ ကစားနေတဲ့ အသက်ကြီးပိုင်းတွေကိုလည်း အားကစားကွင်းတွေမှာ တွေ့ရလေ့ရှိတယ်။ ဒီဓါတ်ပုံရှိ နောက်ခံမှာ တွေ့ရတဲ့ လှေခါးလေးနဲ့ ကုန်းမြင့်မြင့်လေး ကတော့ ဘာဘီကြူး ကင်စားဖို့ သပ်သပ်လုပ်ပေထားတဲ့နေရာလေးပေါ့။


As you already know, the majority of the habitants are Chinese. Thus it is a norm to see elderly Chinese man having Thi-Chi exercise. The mound in the background of this photo is a special place; Barbecue corner.



Barbecue corner

ဒီနေရာမှာ ခင်မင်ရင်းနှီးတဲ့ သတွေနဲ့ အတူတူ ဘာဘီကြူးလုပ်စား ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ။


I hope to have a barbecue party with the people I love.



View from the Barbecue corner

ဘာဘီကြူးကင်တဲ့ နေရာလေးကကြည့်လိုက်ရင် လှမ်းမြင်ရတဲ့ မြင်ကွင်းလေးက တရုတ်ရိုးရာ ပန်းချီထဲက မြင်ကွင်းလေးလိုပါပဲ။ သစ်ပင်၊ ၀ါးရုံ၊ အမိုးပါ လူလျောက်လမ်း လေးတွေက တရုတ်ရိုးရာ ဗိသုကာ ပညာရဲ့ အငွေ့အသက်ကို ခံစားရစေတယ်။ အဲဒီ သစ်ပင်တွေ နောက်ဘက်မှာ တစ်ပိုင်းတစ်စ တွေ့ရတဲ့ တိုက်ပြာပြာ ကတော့ ကျွန်တော နေတဲ့ တိုက်ပေါ့။

The view from the Barbecue corner is pretty much look like the landscape in the traditional Chinese painting. The trees, the bamboos and the covered walkway award the sense of Chinese traditional architecture. The blue apartment you can see partially behind the trees is my apartment.




888 Plaza where I usually have the dinner

ဒီနေရာကတော့ ကျွန်တော် ညစာစားလေ့ ရှိတဲ့ ၈၈၈ ပလာဇာ ရဲ့ လမ်းမကြီး ဖက်က ၀င်ပေါက်ပေါ့။ သူက ဒီနားမှာတော့ အထင်ကရ နေရာဖြစ်လို့ ကိုယ့်အိမ်ကို လမ်းညွှန်မယ် ဆိုရင် အဲဒီ့ နေရာ ကနေတဆင့် လမ်းညွန်ရတယ်။


This is the maid entrance of 888 Plaza where I usually have the dinner. It's is easy to give direction to my place by using this building, an important landmark.




The Plaza is always crowded at night time

ညဖက်တွေမှာ တော့ တွေ့ရတဲ့ အတိုင်းပဲ ဒေသခံ တရုတ်လူမျိုးတွေ နဲ့ စားသောက် ဆိုင်တွေက တစ်ချိန်လုံး ပြည့်နှက် နေလေ့ ရှိတယ်။


Every nigith the restraurants are crowed with locals Chinese.



Hocker center (restaurant) in the morning

တစ်ချို့နေ့တွေမှာ ကော်ဖီကို ဒီမှာ သောက်ပြီးမှ ရုံးသွားလေ့ ရှိတယ်လေ။

Some mornings, I enjoy my first copy of the day before I go to work.


Comments

Popular posts from this blog

BIM (Building Information Modeling) မိတ်ဆက်

အခုအချိန်တွင် BIM ဆိုတဲ့ စကားလုံးကို ဆောက်လုပ်ရေးလောကမှာ အတော်များများ ပြောသံဆိုသံတွေ ကြားလာကြတယ်။ ဒါကြောင့် BIM ဘာကြီးမှန်း သိဖို့နဲ့ ဘယ်သူတွေက ဘယ်ကိစ္စတွေမှာ သုံးနေတယ် သုံးကြတယ် ဆိုတာကို အတိအကျသိဖို့ လိုပါလိမ့်မယ်။ တစ်ချို့က BIM သည် software တစ်မျိုးလို့ပြောတယ်။ တစ်ချို့က BIM သည် အဆောက်အဦးတွေရဲ့ 3D model လို့ဆိုကြပြန်တယ်။ တစ်ခြားလူတွေက BIM ဆိုတာ အဆောက်အဦးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကို သေသေခြာစုဆောင်း ပေးနိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ရှုင်းပြကြပြန်တယ်။ တစ်ကယ်တော့ BIM ဆိုတာ ခုနကပြောခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံးထက် အများကြီးကိုပိုသ ပြီးလုပ်ဆောင်ပေးနိုင် ပါသေးတယ်။  သာမန်လူတစ်​ေယာက်၊ ဆောက်လုပ်ရေးလောက ပြင်ပကလူတစ်ယောက် နားလည်အောင် ရှင်းပြရရင် BIM ဆိုတာဖြစ်လာဖို့ အတွက် digital 3D model ကို စပြီးတည်ဆောက်ရတယ်။ အဲဒီ model က သာမန် 3D model ထက်ပိုပြီး အခက်အလက်တွေကို ထည့်သွင်း ဖေါ်ပြတယ်။ ဆိုကြပါစို့ လှပပြီး စိတ်ဝင်စား စရာကောင်းတဲ့ နံရံတွေရဲ့ ဆေးရောင်တွေ၊ texture တွေ ကိုတစ်ပါတည်း ထည့်သွင်းဖေါ်ပြလို့ရပါတယ်။ BIM model တစ်ခု ဖြစ်လာဖို့ဆိုရင် တစ်ကယ့်အဆောက်အဦးမှာ ပါတယ့် စိတ်အပိုင်းတွေ အက...

Building procurement method: Management

Management Management procurement is a method where construction work is completed using a series of separate works or trade contracts which the main contractor is responsible for managing. The contractor does not actually do the physical work, but is paid a sum for managing the project through the various works packages. The employer starts by appointing consultants and a contract administrator to prepare drawings, a project specification and cost plan. The employer has control over design throughout the project through their professional team. The contractor is appointed by negotiaiton or tender, and interview. The works packages are usually let by competitive tender. It is beneficial for the proposed contractor to be involved as early as possible as they will provide expertise in terms of buildability and programming of the works packages. Other features of management procurement Design can proceed in parallel with construction, and much of the design might be of a specialist ...