အရင်လတုန်းက စင်ကာပူမှာ နေနေတဲ့ အိမ်အကြောင်း ရေးပြခဲ့ဖူးတယ်။ အိမ်ကို အလည် အပတ်မလာ နိုင်တဲ့ နိုင်ငံ ရပ်ခြားက သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဆွေမျိုးသာချင်း အကုန်လုံး ကျွန်တော့ အိမ်ကို အင်တာနက် ပေါ်ကနေ တဆင့် လာရောက် လည်ပတ်ခွင့် ရသွားကြတယ်။ အခု တစ်ခေါက်တော့ ကျွန်တော့ ရပ်ကွက်ထဲကို လှည့်ပတ်ကြည့်ကြတာပေါ့။ Last month, I posted about my home in Singapore. Friends, colleagues, relatives and family members could have an opportunity to visit my home via internet. This time, I'll let everyone to explore my neighborhood.
The jogging path and fusal field
အခု ပုံကတော့ ကျွန်တော် နေထိုင်တဲ့ တိုက်ရဲ့ ဘေးဘက်မှာရှိတဲ့ အားကစားကွင်းလေးရဲ့ပုံ ပါပဲ။ ပုံထဲမှာ မြင်ရတဲ့ လမ်းနီနီလေး ကတော့ ကျွန်တော့်တိုက်ကနေ ထွက်လာတဲ့ လျောက်လမ်းလေးပေါ့။ ကျွန်တော် အဲဒီကွင်းမှာ သွားပြီး အလုပ်က စောစော ပြန်ရောက်တဲ့ ညနေတွေမှာ ပြေးလေ့ ရှိတယ်။ ကံဆိုးစွာပဲ ပြီးခဲ့တဲ့လကနေပြီး ကုမ္မဏီက ကျွန်တော့ကို အခြားရုံး တစ်ခုကို ရွေှ့ပြောင်းတာဝန်ချ ထားတဲ့ အတွက် အိမ်ပြန်ရောက်တဲ့ အချိန်နောက် ကျသွားပြီး ညနေပိုင်း ပြေးဖို့ သိပ်ပြီး မ...