Skip to main content

Posts

Showing posts with the label Household

နေစရာနှင့် IKEA

အိမ်ကတော့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင် စပြောင်းလို့ရပါပြီ။ အိမ်ရှင် လင်မယားနဲ့ ၁၃ ရက်က စကားသွားပြောတော့ သူတို့က အရမ်းသဘောကျသွားတာနဲ့ အိမ်ပြောင်းမယ်ဆိုရင် ချက်ချင်းပြောင်းလို့ရတယ် ဆိုတဲ့ အထိဖြစ်သွားတယ်လေ။ ဒါပေမယ် ခက်နေတာက အခုနေတဲ့အိမ်က အိမ်လခကို လကုန်တဲ့အထိ အပြည့်ပေးပြီသားဖြစ်နေလို့ ဖေဖေါ်ဝါရီ လဆန်းမှပဲပြောင်းပါရစေလို့ ပြောလိုက်ရပါတယ်။ အိမ်ပြောင်းရင် ကိုယ်ဘာသာကို အခန်းတစ်ခန်းနဲ့နေတော့ အိမ်ရှင်က ကုတင်၊ အိပ်ရာခင်း၊ အဝတ်လျော်စက်။ ပန်ကာ၊ စာကြည့်စာပွဲ၊ ဖိနပ်စင်၊ ဗီဒို၊ မီးပူ၊ vacuum cleaner၊ ပန်းကန်၊ စတာတွေ အကုန်ပေးမယ် ဆိုပေမယ့်လည်း ကိုယ့်ဘက်ကတော့ ကိုယ့်အခန်း အတွက်ကိုယ် ဝယ်ပြီး ဖြည့်ရဦးမှာပါ။ ဥပမာ သူများ ပန်ကန်ကိုယူပြီးနေ့တိုင်း ထမင်းစားနေလို့ဘယ်ကောင်းပါ့မလဲနော်။ အိမ်ခန်းအတွက် ပစ္စည်းဝယ်ဖြည့်တာကတော့ ဒီမှာ အရမ်းလွယ်ပါတယ်။ Ikea ဆိုတဲ့ဆိုင်က ပစ္စည်းတွေက ဒီဇိုင်းအရမ်းကောင်းပြီးဈေးကလည်း ၄ဆ လောက်ကို သက်သာပါတယ်။ နောက်ပြီး အကြွေးဝယ်လို့လည်းရတယ်။ နောက်ပြီး ဝယ်ပြီး အိမ်မှာ သုံးကြည့်ပြီး စိတ်ပြောင်းသွားလို့ မကြိုက်တော့ဘူးဆိုရင် ပစ္စည်းကလည်းဝယ်ထားတာ ရက် ၁၀၀ အတွင်းမှာပဲရှိနေသေးရင် ပြန်လဲလို့ရသေးတယ်။ ပစ္စည်း...