Skip to main content

Posts

Showing posts with the label Birthday

Birthday in Singapore

မင်္ဂလာပါ ဒီနေ့ အလုပ်ဆင်းတော့ တိုပါးရိုးကဘုန်းကြီးကျောင်းကို သွားဖြစ်ပါတယ်။ အလုပ်နဲ့ ဘုန်းကြီးကျောင်းနဲ့က တစ်ဘူတာပဲဝေးတော့ သွားရတာ အဆင်ပြေတယ်။ ဒီနေ့ ဘာဖြစ်တယ် မသိဘူး ထူးထူးခြားခြား ပစ္စည်းတွေ ပျောက်တယ်။ တန်ဖိုးကြီးကြီးတော့ မဟုတ်ပါဘူး။ ရန်ကုန်ကဝယ်သွားတဲ့ တရုတ်စကားပြော vcd လေးကို ဘုန်းကြီးကျောင်း အသွားလမ်းမှာ လက်ကကိုင်သွားတာ တစ်နေရာမှာ ကျကျန်ခဲ့တယ်နဲ့တူတယ်။ လက်ထဲကချထားမိတဲ့ အချိန်ဆိုလို့ ဘုန်းကြီးကျောင်းသွားတဲ့လမ်းက အများသုံး အပန်းပြေ ပန်းခြံမှာ ထိုင်ရင်းမုန့်စကြာ စားမိတာပဲရှိတယ်။ (မုန့်စကြာဆိုတာ တရုတ်ရိုးရာ အစားအစာမှန်း စင်ကာပူရောက်တော့မှသိတော့တယ်) ပန်းခြံထဲမှာ မှန့်စားမိတာ မ ကို သတိရတာကြောင့်လဲပါတယ်။ အဲဒီကနေတစ်ဆင့် ဘုန်းကြီးကျောင်းကို အသွား ကုန်းကျော်တံတားနဲ့ လမ်းကူးပြီးတော့ လက်ထဲမှာ အဲဒီ vcd ပါမလာတော့တာကို သတိထားမိလိုက်တယ်။ အဲဒါနဲ့ ခုဏက ထိုင်နေတဲ့နေရကို သွားရှာတော့လဲမတွေ့တော့ဘူး။ ဘုန်းကြီးကျောင်းမှာ ဘုရားရယ်၊ ဘုန်းကြီးရယ်ကို ကန်တော့ပြီး ဘုန်းကြီးက ပရိတ်ရေပုလင်း ပေးလိုက်တော့လဲ သူရှေ့မှာ သေသေခြာခြာယူခဲ့တာ ဘူတရုံရောက်ပြန်တော့ လက်ထဲ ပါမလာတာကို သတိထားမိတယ်။ ကျောင်းပေါက်ဝက အလှုခံပုံးနားမှာ ...