Skip to main content

Posts

Showing posts from May, 2008

Living in Singapore: Promenade (1)

Standing in front of the Ministry of Development Master Plan of Marina Bay and I This is the Ariel photo of the island state, Singapore and this is where I live This is my apartment block Joint the parade TZO at China Town Singapore China Town Preserved area

Living in Singapore: Neighborhood

အရင်လတုန်းက စင်ကာပူမှာ နေနေတဲ့ အိမ်အကြောင်း ရေးပြခဲ့ဖူးတယ်။ အိမ်ကို အလည် အပတ်မလာ နိုင်တဲ့ နိုင်ငံ ရပ်ခြားက သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဆွေမျိုးသာချင်း အကုန်လုံး ကျွန်တော့ အိမ်ကို အင်တာနက် ပေါ်ကနေ တဆင့် လာရောက် လည်ပတ်ခွင့် ရသွားကြတယ်။ အခု တစ်ခေါက်တော့ ကျွန်တော့ ရပ်ကွက်ထဲကို လှည့်ပတ်ကြည့်ကြတာပေါ့။ Last month, I posted about my home in Singapore. Friends, colleagues, relatives and family members could have an opportunity to visit my home via internet. This time, I'll let everyone to explore my neighborhood. The jogging path and fusal field အခု ပုံကတော့ ကျွန်တော် နေထိုင်တဲ့ တိုက်ရဲ့ ဘေးဘက်မှာရှိတဲ့ အားကစားကွင်းလေးရဲ့ပုံ ပါပဲ။ ပုံထဲမှာ မြင်ရတဲ့ လမ်းနီနီလေး ကတော့ ကျွန်တော့်တိုက်ကနေ ထွက်လာတဲ့ လျောက်လမ်းလေးပေါ့။ ကျွန်တော် အဲဒီကွင်းမှာ သွားပြီး အလုပ်က စောစော ပြန်ရောက်တဲ့ ညနေတွေမှာ ပြေးလေ့ ရှိတယ်။ ကံဆိုးစွာပဲ ပြီးခဲ့တဲ့လကနေပြီး ကုမ္မဏီက ကျွန်တော့ကို အခြားရုံး တစ်ခုကို ရွေှ့ပြောင်းတာဝန်ချ ထားတဲ့ အတွက် အိမ်ပြန်ရောက်တဲ့ အချိန်နောက် ကျသွားပြီး ညနေပိုင်း ပြေးဖို့ သိပ်ပြီး မ

I wonder why

ဒီညနေ ဆိုင်မှာ ထမင်း စားနေရင်နဲ့ တွေးဖြစ်တယ်။ နာဂစ် မုန်းတိုင်းဒဏ်ခံ ပြည်သူတွေ အတွက် နိုင်ငံတစ်ကာ အကူအညီကို လက်ခံရန် တွန့်ဆုတ်နေမှု အပေါ်မှာ ဘာဖြစ်လို့များ ကျွန်တော်တို့ တစ်တွေ မြန်မာသံရုံးရှေ့မှာ သွားပြီး ဆန္ဒမပြကြတာလဲလို့။ တစ်ကယ်တော့ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်မှုကို ပြရမယ့် အချိန် ဖြစ်နေပြီ။ 'စုစည်း ညီညွတ်မှုကို ပြသကြပါစို့' At the dinner table, I wonder why we don't go the the Burmese Embassies and demonstrate on the Burmese regime who is unlikely to accept International aids for reliefs. In fact, It's the time to show our unity. 'Lets show our unity.'

I'm sorry Burma.

Nagis မုန်တိုင်းကြောင့် မြန်မာနိုင်ငံရဲ့ အပျက်အဆီး၊ အဆုံးအရှုံး၊ အသေအပြောက် အရေအတွက်ဟာ များလွန်းလှပါတယ်။ သနားဖို့ကောင်းလှတဲ့ နိုင်ငံသားတွေ အမြာရင်ဆီးပြီးခံနေရတဲ့ သတင်းကို ကြားသိနေရတာဟာ တစ်ကယ့်ကို စိတ်မချမ်းမြေ့ စရာပါ။ လျှစ်စစ်မီး ပြတ်တောက်နေမှုကြောင့် နိုင်ငံတွင်းနေထိုင်သူတွေ ခမြာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အတော်များများ ပင်လယ်အောက် ရောက်သွားတယ် ဆိုတာမသိ ကြသေးပါဘူး။ It's so painful to hear that the poor Burmese suffer the causalities and soring death toll by the cyclone Nagis. Being lack of electricity, they don't even have a chance to know that the most area of land from the Irrawaddy delta region was under the sea while the world is witnessing from the TV. "ဒီလို ဒုက္ခတွေကြုံနေတဲ့ အချိန်မှာ စစ်တပ်၊ ရဲ၊ မီးသတ် တွေကို မတွေ့ရပါဘူး။ သူတို့ အရေအတွက် အတော်များမှန်း ကျွန်တော် သိပါတယ်။ တစ်ကယ့် အချိန်မှာ ဘယ်ရောက်နေမှန်း မသိပါဘူး။ အတော့်ကို ကျောချမ်းစရာ ကောင်းပါတယ်" မုန်တိုင်းကို လက်တွေ့ကြုံလိုက်ရတဲ့ Swiss Diplomat တစ်ယောက်က CNN မှာပြောခဲ့တာပါ။ "I didn't see an