Skip to main content

Posts

Showing posts from January, 2008

Flat location, Rates and Phone Numbers

အခန်းခများ၊ အခန်းနေရာများ နှင့် ဖုန်းနံပါတ်များ  N ear Yishun MRT , $300 Tel: 93516142, 94512149 (after 7 PM)  Near Bedok MRT Tel: 81325498  Near An Mo Kio Tel: 82682177, 81862978  Jurong East Tel: 94263836, 93801754  Between An Mo Kio and Yee Tee 82000174  Jurong East Tel: 94894644 $250, (Blk 107, #08-227)  Yishun Ring Rd Tel: 90761002, 93556954  Near Yio Chu Kang MRT Tel: 983399193, 94665744  Admiralty MRT 93652645  Chua Chu Kang, $275 94519044 All the information mentioned above are obtained from Thapya Nu, Peninsular Plaza. အထက်ပါ အချက်အလက်များအားလုံးကို Peninsular Plaza ရှိ သပြေနု ဆိုင်မှ ရရှိပါသည်။

Kuala Lumpur ကို တရုတ်နှစ်ကူးမှာ သွားရင်ကောင်းမလား

နောက်လ တရုတ်နှစ်ကူးကျရင် မလေးရှားသွားဖြစ်လိမ့်မယ်နဲ့တူတယ်။ မလေးရှား ဂျဟိုးဘားရူး ဆိုတဲ့ နယ်စပ်မြို့ကို ၁ဒေါ်လာနဲ့ ၃၀ ပဲပေးရတာ။ ဒီမှာက နှစ်ကူးဆိုရင် ဆိုင်တွေ အကုန်ပိတ်တော့ အမြဲဝယ်စားတဲ့သူအတွက် စားစရာ သောက်စရာကို မရှိဖြစ်သွားတတ်တယ်လေ။ မလေးရှား ကွာလာလမ်ပူ အထိဆိုရင် ကားခ အသွားအပြန် ဒေါ်လာ ၅၀ လောက်ပေးရတယ်။ ဘယ်အထိသွားဖြစ်မယ် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ အခုထက်ထိ ဘာမှ မသိသေးပါဘူး။ မြတ်သူစိုးလဲ ကွာလာလမ်ပူကို အဲဒီအချိန်ကျရင်သွားမယ်။ အခုတော့ မလေးဗီဇာ ဝင်ထားတယ်။ မလေးဗီဇာ စင်ကာပူမှာ အလုပ်လုပ်တဲ့သူအတွက်ဆိုရင် ၁နှစ်အတွင်း ကြိုက်သလောက်ဝင် ကြိုက်သလောက်ထွက် အကြိမ် အကန့်အသတ်မရှိ လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီကိစ္စက မသေချာသေးပါဘူး။ ဗီဇာသာ ဝင်ထားတာပါ။

နေစရာနှင့် IKEA

အိမ်ကတော့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင် စပြောင်းလို့ရပါပြီ။ အိမ်ရှင် လင်မယားနဲ့ ၁၃ ရက်က စကားသွားပြောတော့ သူတို့က အရမ်းသဘောကျသွားတာနဲ့ အိမ်ပြောင်းမယ်ဆိုရင် ချက်ချင်းပြောင်းလို့ရတယ် ဆိုတဲ့ အထိဖြစ်သွားတယ်လေ။ ဒါပေမယ် ခက်နေတာက အခုနေတဲ့အိမ်က အိမ်လခကို လကုန်တဲ့အထိ အပြည့်ပေးပြီသားဖြစ်နေလို့ ဖေဖေါ်ဝါရီ လဆန်းမှပဲပြောင်းပါရစေလို့ ပြောလိုက်ရပါတယ်။ အိမ်ပြောင်းရင် ကိုယ်ဘာသာကို အခန်းတစ်ခန်းနဲ့နေတော့ အိမ်ရှင်က ကုတင်၊ အိပ်ရာခင်း၊ အဝတ်လျော်စက်။ ပန်ကာ၊ စာကြည့်စာပွဲ၊ ဖိနပ်စင်၊ ဗီဒို၊ မီးပူ၊ vacuum cleaner၊ ပန်းကန်၊ စတာတွေ အကုန်ပေးမယ် ဆိုပေမယ့်လည်း ကိုယ့်ဘက်ကတော့ ကိုယ့်အခန်း အတွက်ကိုယ် ဝယ်ပြီး ဖြည့်ရဦးမှာပါ။ ဥပမာ သူများ ပန်ကန်ကိုယူပြီးနေ့တိုင်း ထမင်းစားနေလို့ဘယ်ကောင်းပါ့မလဲနော်။ အိမ်ခန်းအတွက် ပစ္စည်းဝယ်ဖြည့်တာကတော့ ဒီမှာ အရမ်းလွယ်ပါတယ်။ Ikea ဆိုတဲ့ဆိုင်က ပစ္စည်းတွေက ဒီဇိုင်းအရမ်းကောင်းပြီးဈေးကလည်း ၄ဆ လောက်ကို သက်သာပါတယ်။ နောက်ပြီး အကြွေးဝယ်လို့လည်းရတယ်။ နောက်ပြီး ဝယ်ပြီး အိမ်မှာ သုံးကြည့်ပြီး စိတ်ပြောင်းသွားလို့ မကြိုက်တော့ဘူးဆိုရင် ပစ္စည်းကလည်းဝယ်ထားတာ ရက် ၁၀၀ အတွင်းမှာပဲရှိနေသေးရင် ပြန်လဲလို့ရသေးတယ်။ ပစ္စည်း

Birthday in Singapore

မင်္ဂလာပါ ဒီနေ့ အလုပ်ဆင်းတော့ တိုပါးရိုးကဘုန်းကြီးကျောင်းကို သွားဖြစ်ပါတယ်။ အလုပ်နဲ့ ဘုန်းကြီးကျောင်းနဲ့က တစ်ဘူတာပဲဝေးတော့ သွားရတာ အဆင်ပြေတယ်။ ဒီနေ့ ဘာဖြစ်တယ် မသိဘူး ထူးထူးခြားခြား ပစ္စည်းတွေ ပျောက်တယ်။ တန်ဖိုးကြီးကြီးတော့ မဟုတ်ပါဘူး။ ရန်ကုန်ကဝယ်သွားတဲ့ တရုတ်စကားပြော vcd လေးကို ဘုန်းကြီးကျောင်း အသွားလမ်းမှာ လက်ကကိုင်သွားတာ တစ်နေရာမှာ ကျကျန်ခဲ့တယ်နဲ့တူတယ်။ လက်ထဲကချထားမိတဲ့ အချိန်ဆိုလို့ ဘုန်းကြီးကျောင်းသွားတဲ့လမ်းက အများသုံး အပန်းပြေ ပန်းခြံမှာ ထိုင်ရင်းမုန့်စကြာ စားမိတာပဲရှိတယ်။ (မုန့်စကြာဆိုတာ တရုတ်ရိုးရာ အစားအစာမှန်း စင်ကာပူရောက်တော့မှသိတော့တယ်) ပန်းခြံထဲမှာ မှန့်စားမိတာ မ ကို သတိရတာကြောင့်လဲပါတယ်။ အဲဒီကနေတစ်ဆင့် ဘုန်းကြီးကျောင်းကို အသွား ကုန်းကျော်တံတားနဲ့ လမ်းကူးပြီးတော့ လက်ထဲမှာ အဲဒီ vcd ပါမလာတော့တာကို သတိထားမိလိုက်တယ်။ အဲဒါနဲ့ ခုဏက ထိုင်နေတဲ့နေရကို သွားရှာတော့လဲမတွေ့တော့ဘူး။ ဘုန်းကြီးကျောင်းမှာ ဘုရားရယ်၊ ဘုန်းကြီးရယ်ကို ကန်တော့ပြီး ဘုန်းကြီးက ပရိတ်ရေပုလင်း ပေးလိုက်တော့လဲ သူရှေ့မှာ သေသေခြာခြာယူခဲ့တာ ဘူတရုံရောက်ပြန်တော့ လက်ထဲ ပါမလာတာကို သတိထားမိတယ်။ ကျောင်းပေါက်ဝက အလှုခံပုံးနားမှာ